“အီရန်က ဟော်မုရေလက်ကြားမှ သင်္ဘောများ ဖြတ်သန်းခွင့်ကို တစ်ဖန်ပြန်လည်ကန့်သတ်”
19 Apr
အီရန်က ဧပြီလ ၁၈ ရက်တွင် ဟော်မုရေလက်ကြားမှနေ၍ သင်္ဘောများ ဖြတ်သန်းခွင့်ကို တစ်ဖန် ပြန်လည်ကန့်သတ်လိုက်ပြီး အမေရိကန်၏ ပိတ်ဆို့မှုလုပ်ရပ်သည် ပင်လယ်ဓားပြဆန်ကြောင်း စွပ်စွဲ ပြောဆိုလိုက်သည်ဟုသိရသည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့ကြား ဆယ်ရက်ကြာ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ကုန်သွယ်ရေးသင်္ဘောများ ကို ဟော်မုရေလက်ကြားမှ လွတ်လပ်စွာ ဖြတ်သန်းခွင့်ပြုမည်ဟု အီရန်ဘက်က ဧပြီလ ၁၇ ရက်တွင် ကနဦးထုတ်ပြန် ပြီးနောက် ရေနံဈေးနှုန်းကျဆင်းလာသည် ကိုတွေ့ရသည်။ ဆက်လက်ပိတ်ဆို့ထားမည်ဖြစ်ကြောင်း ပြောပြီးနောက် အီရန်ဘက်က ဟော်မု သို့သော် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အီရန်နှင့် ငြိမ်းချမ်းရေးသဘောတူ ညီချက်မရမချင်း အီရန်ဆိပ်ကမ်းများကို ရေလက်ကြားကို ပြန်ပိတ်လိုက်ခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်သည် အီရန်၏သန့်စင်ပြီး ယူရေနီယံများကို လွှဲပြောင်းပေးရန်အပါအဝင် တောင်းဆိုချက် များစွာတောင်းဆိုထားသည်။ ထို့နောက် အီရန်ဘက်က အရာအားလုံးကို သဘော တူကြောင်း ထရမ့်ကပြောထားသော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူကမူ အဆိုပါယူရေနီယံများ သည် အီရန်၏မြေပြင်ကဲ့သို့ပင် မြင့်မြတ် သဖြင့် လက်လွှတ်မည်မဟုတ်ကြောင်း အတည်ပြုပြောသည်။ အလားတူ အမေရိကန်နှင့် အီရန်တို့ကြား နောက် တစ်ကြိမ် ဆွေးနွေးပွဲလုပ်ဆောင်ရန် ရက်သတ်မှတ်ထားခြင်းမရှိသေးကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။