“စပါးအသင်းကို ပြောင်း‌ရွှေ့ဖို့နီးစပ်နေတဲ့ ရောဘတ်ဆန်”

17 Apr

စပါးအသင်းက လီဗာပူးလ်အသင်းရဲ့ စကော့တလန်ဝါရင့်နောက်ခံလူ အန်ဒီရောဘတ်ဆန် ကို လာမယ့် နွေရာသီမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ခေါ်ယူဖို့ ဆွေးနွေးမှုများ ဆောင်ရွက်နေကြောင်း သိရပါတယ်။ ရောဘတ်ဆန် ဟာ လီဗာပူးလ်အသင်းမှာ ကိုးနှစ်ကြာကစားပြီး လက်ရှိရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့ပါတယ်။ စပါးအသင်းက အသက် ၃၂ နှစ်အရွယ် ဘယ်နောက်ခံလူ ရောဘတ်ဆန် ကို ကာလရှည်စိတ်ဝင်စားခဲ့ပြီး ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့ကလည်း ခေါ်ယူဖို့နီးစပ်ခဲ့ပေမဲ့ လီဗာပူးလ်အသင်းက ထွက်ခွာခွင့်မပြုခဲ့တာ ဖြစ်ပါတယ်။ စပါးအသင်းနဲ့ ရောဘတ်ဆန် တို့အကြား အပြီးသတ်သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ သတင်းရင်းမြစ်တွေက ‌ဖော်ပြခဲ့ပါတယ်။(NVS 008)

17 Apr

ADVERTISE HERE .