“League Two ကလပ်ကို ဝယ်ယူဖို့နီးစပ်နေတဲ့ ဂျွန်တယ်ရီ”

17 Apr

ချယ်လ်ဆီးနဲ့ အင်္ဂလန်နောက်ခံလူဟောင်း ဂျွန်တယ်ရီ ဟာ League Two ကလပ် ကိုလ်ချက်စတာအသင်းကို ဝယ်ယူဖို့ နီးစပ်နေပြီလို့သိရပါတယ်။ တယ်ရီ ပါဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုအုပ်စုတစ်ခုက ကိုလ်ချက်စတာအသင်းကို ပေါင် ၁၄ သန်းနဲ့ ဝယ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အသက် ၄၅ နှစ်အရွယ် တယ်ရီ ဟာ သူ့အနာဂတ်ကို နည်းပြဘဝထက် အသင်းပိုင်ရှင်အနေနဲ့ ဖြတ်သန်းဖွယ် ရှိနေတယ်လို့ ဗြိတိန်သတင်းတွေက ဖော်ပြခဲ့ပေမယ့် ချယ်လ်ဆီးအကယ်ဒမီမှာတော့ သင်တန်းနည်းပြဆရာအဖြစ် ဆက်လက်လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ ကိုလ်ချက်စတာအသင်းဟာ League Two အမှတ်ပေးဇယားမှာ ၂၄ သင်းရှိတဲ့အနက် အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး ၂၀၀၇-၀၈ ရာသီက လိဂ်ချန်ပီယံရှစ်မှာ နောက်ဆုံးကစားခဲ့ပါတယ်။(NVS 008)

17 Apr

ADVERTISE HERE .