“မန်ယူအသင်းက မိန်နူး ကို သက်တမ်းတိုးနိုင်ဖို့ နီးစပ်”

17 Apr

မန်ယူအသင်းရဲ့နည်းပြ ကာရစ် က အင်္ဂလန်ကွင်းလယ်ကစားသမား မိန်နူး ကို မန်ယူအသင်းအနေနဲ့ သက်တမ်းတိုးနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မိန်နူး ဟာ မန်ယူအသင်းရဲ့ အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၂၇ ခုနှစ်အထိဖြစ်ပြီး တစ်နှစ်သက်တမ်းထပ်တိုးနိုင်တဲ့ သဘောတူညီမှုလည်း ပါဝင်ပါတယ်။ မန်ယူအသင်းက မိန်နူး ကို ၅ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေခြင်းဖြစ်ပြီး ဒီရာသီမကုန်ခင် စာချုပ်ချုပ်ဆိုနိုင်ဖို့ လိုလားနေကြောင်း သိရပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း အသက် ၂၁ နှစ်ပြည့်မယ့် မိန်နူး ဟာ နည်းပြ အာမိုရင်မ် ကိုင်တွယ်စဉ် အသင်းမှာ ပုံမှန်ကစားခွင့်မရတာကြောင့် အနာဂတ်မရေမရာဖြစ်ခဲ့ပေမဲ့ လက်ရှိနည်းပြ ကာရစ် လက်ထက်မှာတော့ အမာခံ ကစားသမားတစ်ဦးအဖြစ် ပြန်လည်နေရာရလာခဲ့တာဖြစ်ပါတယ်။(NVS 008)

17 Apr

ADVERTISE HERE .