“ရာသီကုန်မှာ နည်းပြ အိုင်ရာအိုလာ အသင်းကထွက်ခွာတော့မယ်လို့ ဘုန်းမောက်အသင်း အတည်ပြု”

15 Apr

ဘုန်းမောက်အသင်းရဲ့နည်းပြ အိုင်ရာအိုလာ ဟာ လာမယ့်ရာသီကုန်ချိန်မှာ လမ်းခွဲဖို့ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း ဘုန်းမောက်အသင်းက အတည်ပြုကြေညာခဲ့ပါတယ်။ စပိန်လူမျိုး အိုင်ရာအိုလာ ဟာ ဘုန်းမောက်အသင်းကို ၂၀၂၃ နွေရာသီမှာ ၂ နှစ်စာချုပ်နဲ့ စတင်ကိုင်တွယ် ခဲ့တာဖြစ်ပြီး ၂၀၂၄ မေလမှာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးခဲ့ပါတယ်။ ဒါကြောင့် လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အခြားအသင်းသစ်တစ်သင်းကို ပြောင်းလဲ ကိုင်တွယ်ဖို့ ဆန္ဒရှိတာကြောင့် ဘုန်းမောက်အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အသက် ၄၃ နှစ်အရွယ် အိုင်ရာအိုလာ ဟာ ထိပ်တန်းအသင်းတွေကို ကိုင်တွယ်ဖူးခြင်းမရှိသေးပေမဲ့ ဘုန်းမောက်အသင်းကို မာကျောတဲ့အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်ထားနိုင်တာကြောင့် ပရီးမီးယားလိဂ် ထိပ်သီးအသင်းတချို့က စိတ်ဝင်စားနေပေမယ့် စပိန်ကလပ် ဘီလ်ဘာအိုအသင်းကို ကိုင်တွယ်ဖွယ်ရှိကြောင်း သတင်းထွက်နေပါတယ်။ ဘီလ်ဘာအိုအသင်းက လက်ရှိနည်းပြ ဗယ်လ်ဗာဒီ နဲ့ ရာသီကုန်မှာ လမ်းခွဲတော့မှာဖြစ်တာကြောင့် အိုင်ရာ အိုလာ ကို ဘီလ်ဘာအိုအသင်းရဲ့ နည်းပြသစ်အဖြစ် မြင်တွေ့ရဖို့ အလားအလာများနေကြောင်း သိရပါတယ်။(NVS 008)

15 Apr

ADVERTISE HERE .