“အင်တာမိုင်ယာမီနည်းပြ မာရှေရာနို ပုဂ္ဂိုလ်ရေးအကြောင်းပြချက်နဲ့ ရာထူးကနုတ်ထွက်”
15 Aprအင်တာမိုင်ယာမီအသင်းရဲ့နည်းပြ မာရှေရာနို ဟာ ဧပြီလ ၁၄ ရက်မှာ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်နဲ့ ရာထူးက နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။ အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟောင်း မာရှေရာနို ဟာ အင်တာမိုင်ယာမီအသင်းကို မေဂျာလိဂ် ဖလား ရယူပေးခဲ့ပြီး (၄)လအကြာမှာပဲ ရာထူးက နုတ်ထွက်ခဲ့တာပါ။ မာရှေရာနို က နယူးယောက်ရက်ဘူးလ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာပဲ ရာထူးက နုတ်ထွက် တော့မယ့်အကြောင်း အသင်းတာဝန်ရှိသူတွေကို အသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အင်တာမိုင်ယာမီအသင်းရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဂျော့ချ်မက်စ်ကလည်း မာရှေရာနို ဟာ အသင်းရဲ့သမိုင်းမှာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ထာဝရရှိသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အင်တာမိုင်ယာမီအသင်းက အားကစားဒါရိုက်တာ ဂွီလာမိုဟိုယို့စ် ကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ် လိုက်ကြောင်း သိရပါတယ်။(NVS 008)
15 Apr