“ဂါနာအသင်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံရတဲ့ မန်ယူလက်ထောက်နည်းပြဟောင်း ကွီရော့ဇ်”

14 Apr

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဂါနာအသင်းဟာ အသင်းနည်းပြသစ်အဖြစ် မန်ယူလက်ထောက်နည်းပြဟောင်း ကားလို့စ်ကွီရော့ဇ် ကိုခန့်အပ်ခဲ့ပါတယ်။ ၇၃ နှစ်အရွယ် ကွီရော့ဇ် ဟာ မတ်လ ၃၁ ရက်မှာ ရာထူးကထုတ်ပယ်ခံရတဲ့ အော်တိုအက်ဒို နေရာမှာ အစားထိုးတာဝန်ယူရမှာဖြစ်ပါတယ်။ ကွီရော့ဇ် ဟာ နည်းပြဘဝအတွင်း ကလပ်နဲ့ နိုင်ငံလက်ရွေးစင်အသင်း နှစ်မျိုးစလုံးကို တာဝန်ယူခဲ့ပြီး နိုင်ငံလက်ရွေးစင်အသင်းတွေကို တာဝန်ယူမှုက ပိုများခဲ့ပါတယ်။ အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မိုဇမ်ဘစ်မှာမွေးဖွားခဲ့တဲ့ ကွီရော့ဇ် ဟာ ပေါ်တူဂီအသင်းကို နှစ်ကြိမ် ကိုင်တွယ်မှု အပါအဝင် ယူအေအီး၊ တောင်အာဖရိက၊ အီရန်၊ ကိုလံဘီယာ၊ အီဂျစ်၊ ကာတာနဲ့ အိုမန်အသင်းတွေကို နည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။ မန်ယူအသင်းမှာ လက်ထောက်နည်းပြအဖြစ် နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်း နည်းပြအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးပါတယ်။ အိုမန်အသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်လို့ လမ်းခွဲခဲ့ခြင်းဖြစ်ပါတယ်။ ဂါနာအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(L)မှာ အင်္ဂလန်၊ ခရိုအေးရှား၊ ပနားမား တို့နဲ့အတူကျရောက်နေပါတယ်။(NVS 008)

14 Apr

ADVERTISE HERE .