“ဒူးဒဏ်ရာကြောင့် အနားယူရဖွယ်ရှိတဲ့ ရိုမဲရိုး”
14 Apr
စပါးအသင်းခေါင်းဆောင် နောက်ခံလူ ရိုမဲရိုးဟာ ဆန်းဒါးလန်းနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒူးဒဏ်ရာကြောင့် အနည်းဆုံး ၅ ပတ်ကနေ ၈ ပတ်အထိ အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။ ရိုမဲရိုး အနေနဲ့ လက်ရှိရာသီမှာ စပါးအသင်းရဲ့ လက်ကျန်ပွဲအားလုံးကို လွဲချော်ရတော့မှာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာဖွယ်ရှိပါတယ်။ စပါးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်တန်းဆင်းဇုန်ထဲ ကျရောက်နေပြီး အီတလီနည်းပြ ဒီဇာဘီ အား မတ်(၃၁)မှာ စတင်တာဝန်ပေးအပ်ခဲ့ပေမယ့် နိုင်ပွဲရရှိခြင်းမရှိသေးလို့ တန်းဆင်းဇုန်ထဲက ရုန်းမထွက်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ စပါးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး ၁၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး ၅ ပွဲသရေ၊ ၉ ပွဲရှုံးခဲ့တာကြောင့် ၁၉၃၅ ခုနှစ်နောက်ပိုင်း အရှည်ကြာဆုံး နိုင်ပွဲပျောက်ဆုံးမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။(NVS 008)
14 Apr