“ရီးရဲလ်မက်ဒရစ်အသင်းက တိုနီကရူးစ် နဲ့ ပြန်လည်လက်တွဲဖို့ စီစဉ်နေ”

14 Apr

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်ရာသီမှာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ကွင်းလယ်ကစားသမားဟောင်း တိုနီကရူးစ် နဲ့ ပြန်လည်လက်တွဲဖို့ စီစဉ်နေကြောင်းသိရပါတယ်။ ဂျာမန်ကစားသမား တိုနီကရူးစ် ဟာ ရီးရဲလ်အသင်းမှာ ၂၀၁၄ ကနေ ၂၀၂၄ ခုနှစ်အထိ ၁၀ နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး စပိန်မြေမှာ ဆုဖလား ၂၂ ခု ရယူနိုင်ခဲ့ပြီး ၂၀၂၄ နွေရာသီမှာ ရီးရဲလ်အသင်းနဲ့လမ်းခွဲပြီး ကစားသမား ဘဝက အနားယူခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် တိုနီကရူးစ်က ရီးရဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ် အပါအဝင် ရီးရဲလ် ဘုတ်အဖွဲ့ဝင်တွေနဲ့ ဆက်ဆံရေးကောင်းမွန်တာကြောင့် ရီးရဲလ်အသင်းက သူ့ကို အားကစားစီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ရာထူးတစ်မျိုးနဲ့ အသင်းကိုပြန်လည်ခေါ်ယူပြီး လက်တွဲသွားဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ ရီးရဲလ်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ လမ်းခွဲမယ့် နည်းပြ ဒက်ချမ့် ကိုလည်း နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။(NVS 008)

14 Apr

ADVERTISE HERE .