“အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုဖြင့် ဗီယက်နမ်၏ ပထမဆုံးမြန်နှုန်းမြင့်ရထားလမ်း စတင်တည်ဆောက်”

13 Apr

ဗီယက်နမ်နိုင်ငံသည် ဟနွိုင်းမြို့ ဘက်နင်းပြည်နယ် ဟိုင်ဖုန်းမြို့နှင့် ကွမ်နင်းပြည်နယ်တို့ကို ဆက်သွယ် ထားသော ကီလိုမီတာ ၁၂၀ ရှည်လျားသည့် နိုင်ငံ၏ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်းကို ဧပြီလ ၁၂ ရက် နံနက်ပိုင်း တွင် စတင်တည်ဆောက်နေပြီဖြစ်ကြောင်း ပြည်တွင်းမီဒီယာ VnExpress တွင်ဖော်ပြထားသည်။ အဆိုပါရထားလမ်းမှာ စံနှုန်းမီလမ်းအကျယ်ရှိပြီး တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ အမြင့်ဆုံး မောင်းနှင် နိုင်မည့် နှစ်လမ်းသွား လျှပ်စစ်ရထားလမ်းအဖြစ် ဒီဇိုင်းထုတ်ထားကြောင်း သိရသည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ဗီယက်နမ် ဒေါင် ၁၄၇ ဒသမ ၃၇ ထရီလီယံဝန်းကျင်(အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၇ ဘီလီယံခန့်)ရှိသော ယင်းစီမံကိန်းသည် ၂၀၂၈ ခုနှစ်တွင် အပြီးတည်ဆောက်ရန် လျာထားသည်။ တည်ဆောက်မှု ပြီးစီးပါက ဟနွိုင်းမြို့မှ ကွမ်နင်းပြည်နယ်အကြား ခရီးသွားလာမှု ကြာမြင့်ချိန်ကို ၂ နာရီမှ ၂ နာရီခွဲကြာမြင့်မှုမှ ၂၅ မိနစ်မှ မိနစ် ၃၀ အထိ လျှော့ချပေးနိုင်တော့မည်ဖြစ်သည်။ ထို့အပြင် ဒေသတွင်း ချိတ်ဆက်မှုများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

13 Apr

ADVERTISE HERE .