“မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်၌ ပါဝင်ဖျော်ဖြေမည့် ကိုရီးယားအနုပညာရှင်များ ရောက်ရှိ”
13 Aprမြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော်၊ ဖျော်ဖြေရေးများနှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် KK Media (CST Myanmar)တို့ ပူးပေါင်းပြီး မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်တွင် ပါဝင်ဖျော်ဖြေတင်ဆက်ရန်အတွက် ကိုရီးယားအနုပညာရှင်များ သည် ဧပြီလ ၁၂ ရက် ညပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့ပါတယ်။ ပါဝင်ဆင်နွှဲ ဖျော်ဖြေသီဆိုကြမည် အဆိုပါ K-Pop အနုပညာရှင်များမှာ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များရှိ မဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲဖျော်ဖြေ သီဆိုကြမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)
13 Apr