“လက်ရွေးစင်အသင်းမှာ ပါဝင်နိုင်‌ရေးအတွက် နေမာ အနေနဲ့ အချိန် ၂ လရှိကြောင်းပြောခဲ့တဲ့ နည်းပြ အန်ဆလော့တီ”

12 Apr

လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့အတွက် အဆင်သင့်ဖြစ်မဖြစ်ဆိုတာ ပြသနိုင်ရန် တိုက်စစ်မှူး နေမာ အနေနဲ့ အချိန် ၂ လ ရှိနေသေးကြောင်း ဘရာဇီးအသင်းနည်းပြ အန်ဆလော့တီ က ပြောလိုက်ပါတယ်။ အန်ဆလော့တီ ရဲ့ အခုလိုပြောကြားမှုက ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းမှာ ပြန်လည်ပါဝင်နိုင်ရန် ဆန္ဒရှိနေတဲ့ နေမာ အတွက် အားတက်စရာဖြစ်ခဲ့ပါတယ်။ နေမာ ဟာ မတ်လအတွင်းကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာ ဘရာဇီးလက်ရွေးစင်အသင်း လူစာရင်းကနေ ချန်လှပ်ခံထားရပေမယ့် ပွဲကစားဖို့လုံလောက်တဲ့ ကြံ့ခိုင်မှုပုံစံကိုသာ ကမ္ဘာ့ဖလားမတိုင်ခင် ပြသနိုင်ခဲ့မယ်ဆိုပါက လက်ရွေးစင်အသင်းက တံခါးဖွင့်ထားဆဲဖြစ်ကြောင်း အန်ဆလော့တီ က ပြောခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းအတွက် သွင်းဂိုး ၇၉ ဂိုးနဲ့ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ နေမာ ဟာ ၂၀၂၃ အောက်တိုဘာမှာ ပြင်းထန်တဲ့ဒူးဒဏ်ရာရရှိပြီးနောက်ပိုင်း လက်ရွေးစင်အသင်းအတွက် ပါဝင် ကစားပေးခွင့် မရတော့တာဖြစ်ပါတယ်။ ပြင်သစ်အသင်းကို ရှုံးနိမ့်တဲ့ခြေစမ်းပွဲမှာ ဘရာဇီးပရိသတ်တွေက နေမာ ရဲ့နာမည်ကိုအော်ဟစ်ပြီး နည်းပြ အန်ဆလော့တီ ကို တောင်းဆိုခဲ့ကြပေမယ့် အန်ဆလော့တီ က သူရဲ့လက်ရွေးစင် ၂၆ ယောက်စာရင်းမှာ ပါဖို့အတွက် လုံလောက်တဲ့ပွဲကစားမှုနဲ့ ကြံ့ခိုင်မှုတွေရှိရမှာဖြစ်တယ်လို့ ပွဲအပြီးမှာပြောကြားခဲ့ပါတယ်။ (NVS 008)

12 Apr

ADVERTISE HERE .