“သွင်းဂိုးပေါင်း ၁၀၀၀ ရရှိရန် နီးစပ်လာတဲ့ စီရော်နယ်ဒို”

12 Apr

ဆော်ဒီပရိုလိဂ် အယ်နာဆာအသင်းမှာ ကစားနေတဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒို ဟာ ကစားသမားဘဝ သွင်းဂိုးပေါင်း ၁၀၀၀ ရရှိရန် တဖြည်းဖြည်းနီးစပ်လာခဲ့တာဖြစ်ပါတယ်။ တံကောက်ကြောဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီးနောက် ပါဝင်ကစားခဲ့တဲ့ ပွဲစဉ်နှစ်ပွဲလုံးမှာ ဂိုးများသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အယ်လ်နာဆာအသင်းနဲ့ အယ်လ်အိုဒူဒီအသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ စီရော်နယ်ဒို က အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ၎င်းနိုင်ပွဲကြောင့် အယ်လ်နာဆာအသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် လိဂ်ပွဲ ၁၄ ပွဲဆက် အနိုင်ရရှိခဲ့ပြီး စီရော်နယ်ဒို ရဲ့ ဂိုးပေါင်း ၁၀၀၀ ရည်မှန်းချက်ကလည်း ၉၆၈ ဂိုးအထိ ရှိလာခဲ့ပါတယ်။ လက်ရှိတွင် အယ်လ်နာဆာက ရာသီပြီးဆုံးဖို့ ခြောက်ပွဲအလိုမှာ ၇၃ မှတ်နဲ့ ဒုတိယနေရာက အယ်လ်ဟီလာကို ငါးမှတ်ဖြတ်ထားပါတယ်။(NVS 008)

12 Apr

ADVERTISE HERE .