“အိမ်ကွင်းမှာ ရှုံးပွဲနဲ့ကြုံတွေ့ခဲ့တဲ့ အာဆင်နယ်”
12 Apr
ပရီးမီးယားလိဂ် ပွဲစဉ်(၃၂)အဖြစ် အာဆင်နယ်အသင်းနဲ့ ဘုန်းမောက်အသင်း ယှဉ်ပြိုင်ခဲ့ရာမှာ အာဆင်နယ် အသင်းက အိမ်ကွင်းမှာပဲ ဘုန်းမောက်အသင်းကို ၂ ဂိုး၊ ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ ဘုန်းမောက်အသင်း တို့ပွဲစဉ်မှာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး ပွဲချိန်ပထမပိုင်း ၁၇ မိနစ်တွင် ဘုန်းမောက်အသင်းက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၃၅ မိနစ်မှာ တိုက်စစ်မှူး ဂျိုကာရက်စ် က ပယ်နယ်တီမှတစ်ဆင့် သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၇၄ မိနစ်မှာ ဘုန်းမောက်အသင်းက ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ယခုပွဲစဉ်ရှုံးနိမ့်ခဲ့သည့်အတွက် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲစုံ လေးပွဲတွင် သုံးပွဲအထိ ရှုံးပွဲရှိလာခဲ့ပါတယ်။ ပြိုင်ဘက်ဘုန်းမောက်အသင်းက ယခုအနိုင်ပွဲကြောင့် နောက်ဆုံးငါးပွဲ ဆက်သရေကျမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် ၃၂ ပွဲကစား ရမှတ် ၇၀ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပါတယ်။(NVS 008)