“သက်သာ‌သောဈေးနှုန်းများဖြင့် ဆန်ရောင်းချပေးမှု တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်းထုတ်ပြန်”

11 Apr

စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် အခြေခံပြည်သူများ ဝယ်ယူ စားသုံးသော ဆန်ဈေးနှုန်းများအား သင့်တင့်မျှတမှု ဖြစ်စေရန်အတွက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ ပေးမည့် အစီအစဉ်အား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ စက်မှုဇုန်များ၊ စက်ရုံများနှင့် လူမှုရေး၊ ဘာသာရေး၊ ပညာရေး အသင်းအဖွဲ့/ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ များအနေဖြင့် ဆန်လိုအပ်ချက်ရှိပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဝါးတန်းကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့ထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ထားရှိ ပါတယ်။ ဆန်စက်များတွင် ဧည့်မထဆန် တစ်ပြည်လျှင် ၂,၅၀၀ ကျပ်၊ ရက်-၉၀ နှင့် အခြားသော ပြည်တွင်းစား ဆန်များကို ဆန်အမျိုးအစား/အရည်အသွေးပေါ်မူတည်၍ တစ်ပြည်လျှင် ၃,၀၀၀ ကျပ်မှ ၃,၅၀၀ ကျပ်အတွင်း ရောင်းချပေးခြင်း၊ ဧရာဝတီပေါ်ဆန်းဆန်များကို ဆန်အမျိုးအစား/အရည်အသွေးပေါ်မူတည်၍ တစ်ပြည်လျှင် ၅,၀၀၀ ကျပ်မှ ၆,၀၀၀ ကျပ်အတွင်း ရောင်းချပေးခြင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝါးတန်းနှင့် ဘုရင့်နောင်ကုန်စည် ဒိုင်များတွင် ၂၄ ပြည် ဧည့်မထဆန်တစ်အိတ်လျှင် ၆၀,၀၀၀ ကျပ်၊ ရက်-၉၀ နှင့် အခြားသော ပြည်တွင်းစားဆန်များကို ဆန်အမျိုးအစား/အရည်အသွေးပေါ်မူတည်၍ ၂၄ ပြည် ဆန်တစ်အိတ်လျှင် ၇၀,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်အတွင်း၊ ဧရာဝတီပေါ်ဆန်းဆန်များကို ဆန်အမျိုးအစား/အရည်အသွေးပေါ်မူတည်၍ ၂၄ ပြည်ဆန်တစ်အိတ်လျှင် ၁၂၀,၀၀၀ ကျပ်မှ ၁၄၀,၀၀၀ ကျပ်အတွင်း ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ စက်ရုံများမှဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနများအတွက် ၁၅% ဧည့်မထ ၁၀ ကီလို (၅ ပြည်အိတ်) တစ်အိတ်လျှင် ၁၂,၅၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း ၁၀ ကီလို(၅ ပြည်အိတ်)တစ်အိတ်လျှင် ၂၈,၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။(NVS 004)

11 Apr

ADVERTISE HERE .