“မန်ယူအသင်းက ဂိုးသမား အိုနာနာ ကို အပြီးသတ်ရောင်းချရန် ဆုံးဖြတ်”
10 Apr
မန်ယူအသင်းက ထရန်ဇွန်စပေါ်အသင်းထံသို့ တစ်ရာသီအငှားစာချုပ်ဖြင့် စေလွှတ်ထားသည့် ဂိုးသမား အိုနာနာ ကို ယခုနှစ်ဘောလုံးရာသီအကုန်တွင် အသင်းထံပြန်လည်ခေါ်ယူမှာမဟုတ်ဘဲ အပြီးသတ်ရောင်းချရန် ဆုံးဖြတ်ထားကြောင်း The Athletic သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၃၀ အရွယ် အိုနာနာ ဟာ ၂၀၂၃ ခုနှစ်မှာ အင်တာမီလန်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ ခဲ့ပြီးနောက် အသင်းတွင် သုံးရာသီဆက် အဓိကဂိုးသမားအဖြစ် ပါဝင်ခဲ့သော်လည်း ၎င်းအနေဖြင့် အမှားအယွင်းများစွာ ရှိခဲ့တဲ့အတွက် မန်ယူအသင်းက ပြီးခဲ့တဲ့နှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလမှာ ထရန်ဇွန်စပေါ် အသင်းထံ တစ်ရာသီအငှားစာချုပ်ဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။ မန်ယူအသင်းက အိုနာနာ ကို ပြီးခဲ့တဲ့နှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့ ကာလကတည်းက အပြီးသတ်ရောင်းချလိုသော်လည်း ခေါ်ယူမည့်အသင်းမရှိတဲ့အတွက် အငှားစာချုပ်ဖြင့် ကမ်းလှမ်းခဲ့တဲ့ ထရန်ဇွန်စပေါ် အသင်းထံ အငှားစာချုပ်ဖြင့်သာ စေလွှတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)