“ဘိုင်ယန်မြူးနစ်အသင်း နည်းပြဘဝ ပွဲပေါင်း ၁ဝဝ ပြည့်မြောက်ခဲ့တဲ့ နည်းပြ ကွန်ပနီ”
10 Apr
နည်းပြ ကွန်ပနီ ဟာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြဘဝ ပြိုင်ပွဲစုံ ပွဲပေါင်း ၁ဝဝ ပြည့်မြောက်သည့် မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ နည်းပြ ကွန်ပနီ က ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်ကို ကိုင်တွယ်ခဲ့ပြီးနောက် ယခုလိုမှတ်တမ်းတစ်ရပ် ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ ကွန်ပနီ အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ၂ဝ၂၄ ခုနှစ် မေလ ၂၉ ရက်မှ စတင်ကိုင်တွယ်ပြီး ပြိုင်ပွဲ ပေါင်း ၁ဝဝ တွင် ၇၆ ပွဲ နိုင်၊ ၁၃ ပွဲသရေ၊ ၁၁ ပွဲရှုံး ရလဒ်အား ပိုင်ဆိုင်ခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ် နည်းပြ ကွန်ပနီ က အသင်းနဲ့အတူ ပွဲပေါင်း ၁ဝဝ ပြည့်မြောက်ခဲ့လို့ ပျော်ရွှင်မိကြောင်းနဲ့ ယခုနှစ်ဘောလုံးရာသီမှာ ချန်ပီယံဆု များစွာကိုလည်း ရယူသွားဖို့ရှိနေပြီး ဘိုင်ယန်မြူးနစ်အသင်းက ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းဖြစ်ကြောင်း ပြောခဲ့ပါတယ်။(NVS 008)