“လူငယ်ကစားသမား အိုရော့ဇ်ကို အားခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှုရရှိ”
10 Apr
မန်ယူအသင်းက အသက် ၁၇ နှစ်အရွယ် ကိုလံဘီယာ ကွင်းလယ်ခံစစ်ကစားသမား အိုရော့ဇ်ကို အား လာမည့်နွေရာသီတွင် ခေါ်ယူရန် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သိရပါတယ်။ အိုရော့ဇ်ကို ဟာ ကိုလံဘီယာကလပ် ဖော်တာလီဇာအသင်းတွင် ကစားနေသူဖြစ်ပြီး လာမည့်ဇူလိုင်လတွင် အသက် ၁၈ နှစ်ပြည့်မှာ ဖြစ်ပါတယ်။ မန်ယူအသင်းက ၁၈ နှစ်ပြည့်ချိန်တွင် ခေါ်ယူရန် ကြိုတင်သဘောတူညီမှု ရယူထားခြင်းဖြစ်ပြီး ယူ-၂၁ အသင်းတွင် စတင်အသုံးပြုသွားမှာဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ အိုရော့ဇ်ကို အား ပေါင်ငါးသန်းဝန်းကျင်ဖြင့် ခေါ်ယူရန် ဖော်တာလီဇာအသင်းနှင့် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် မန်ယူအသင်းဟာ လာမည့်နွေရာသီတွင် ကွင်းလယ်ကစားသမား အနည်းဆုံးနှစ်ဦးကို ခေါ်ယူအားဖြည့်ရန် ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။(NVS 008)
10 Apr