“ရိုမဲရိုး အတွက် ပြောင်းရွှေ့ကြေးကို စပါးအသင်းက စတာလင်ပေါင် သန်း ၄၀ သတ်မှတ်”
10 Apr
စပါးအသင်းက လက်ရှိဘောလုံးရာသီအကုန်တွင် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားသည့် ခံစစ်ကစားသမား ရိုမဲရိုး အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၄၀ သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ အသက် ၂၇ နှစ်အရွယ် ရိုမဲရိုး ဟာ ၂၀၂၁ ခုနှစ်က အတ္တလန္တာအသင်းမှ စပါးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သော်လည်း လာမည့်ဘောလုံးရာသီတွင် စပါးအသင်းအနေဖြင့် ဥရောပအဆင့်ပြိုင်ပွဲများနှင့် လွဲချော်ရမှာဖြစ်လို့ ရိုမဲရိုး ကလည်း အသင်းမှထွက်ခွာရန် ဆုံးဖြတ် ထားခြင်းဖြစ်ပါတယ်။ ရိုမဲရိုး နဲ့ စပါးအသင်းတို့ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ ၂၀၂၈ ခုနှစ်အထိ ကျန်ရှိနေသေးသော်လည်း ရိုမဲရိုး ကိုယ်တိုင်က လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ဆုံးဖြတ် ထားခဲ့လို့ စပါးအသင်းကလည်း ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၄၀ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အစောပိုင်းက ရီးယဲလ်မက်ဒရစ်အသင်းနှင့် သတင်းများထွက်ပေါ်ခဲ့သော်လည်း ယခုအခါ မန်ယူအသင်းကပါ ခေါ်ယူရန်စီစဉ်နေကြောင်း သိရပါတယ်။ (NVS 008)