“အာဆင်နယ်ကွင်းလယ်လူဟောင်း ရမ်ဆေး ကစားသမားဘဝမှ အနားယူ”
10 Apr
ဝေးလ်စ်အသင်းခေါင်းဆောင်နဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း အာရွန်ရမ်ဆေးက ကစားသမားဘဝမှ အနားယူခဲ့ပြီလို့ အတည်ပြုကြေညာခဲ့ပါတယ်။ ရမ်ဆေး ဟာ ပြီးခဲ့တဲ့နှစ်က မက္ကဆီကိုကလပ် UNAM နဲ့ လမ်းခွဲပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေပါတယ်။ ရမ်းဆေး အနေနဲ့ နည်းပြဘဝကို ကူးပြောင်းဝင်ရောက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ရမ်ဆေး ဟာ ဝေးလ်စ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး အသင်းအတွက် ၈၆ ပွဲကစားကာ ၂၁ ဂိုး သွင်းယူခဲ့ပါတယ်။ ဝေးလ်စ်အသင်းနဲ့အတူ မေဂျာပြိုင်ပွဲသုံးခုဖြစ်တဲ့ ယူရို- ၂၀၁၆ နဲ့ ၂၀၂၀၊ ၂၀၂၂ ကမ္ဘ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဝေးလ်စ်အသင်းရဲ့ သမိုင်းဝင် ယူရို-၂၀၁၆ ဆီမီးဖိုင်နယ်တက်ရောက်မှုမှာ ရမ်ဆေး က အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ (NVS 008)
10 Apr