“ပီအက်စ်ဂျီအသင်းက လီဗာပူးအသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိ”
10 Apr
ဥရောပချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းနှင့် လီဗာပူးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပီအက်စ်ဂျီအသင်းက လီဗာပူးအသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ ပါတယ်။ ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုးနှစ်ဂိုးကို ပွဲချိန် ၁၁ မိနစ်မှာ ဒူးစ်၊ ပွဲချိန် ၆၅ မိနစ်မှာ ကာဗာရက်စ်ခီလီယာ တို့က အသီး သီးသွင်းယူပေးခဲ့ကြသည်။ ပီအက်စ်ဂျီအသင်းသည် ဥရောပချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် လာမည့်ဧပြီလ ၁၅ ရက်မှာ လီဗာပူးအသင်း၏ အိမ်ကွင်းသို့ သွားရောက်ယှဉ်ပြိုင် ကစားသွားရမည် ဖြစ်ပါတယ်။ အခြား ကွာတားဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘာစီလိုနာအသင်းနှင့် အက်သလက်တီကို အသင်းတို့ပွဲစဉ်မှာ အက်သလက်တီကိုအသင်းက နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ (NVS 008)
10 Apr