“မတ်တီယာပီရင် ခြေသလုံးဒဏ်ရာကြောင့် တစ်လခန့်အနားယူရဖွယ်ရှိ”
10 Apr
ဂျူဗင်တပ်အသင်း ဂိုးသမား မတ်တီယာပီရင် ခြေသလုံးဒဏ်ရာကြောင့် တစ်လခန့် အနားယူရဖွယ်ရှိနေ ပါတယ်။ မတ်တီယာပီရင် ဟာ ဂျူဗင်တပ်အသင်းက ဂျီနိုအာ အသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဂိုးသမား မတ်တီယာပီရင် ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် ဂျူဗင်တပ် အသင်းအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂိုးသမား မတ်တီယာပီရင် က ဂျူဗင်တပ်အသင်းနှင့် အတူ ၂၀၁၈-၂၀၁၉ မှ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၆၉ ပွဲ ကစားပြီး လက်စွမ်းပြထားပါတယ်။ (NVS 008)
10 Apr