“ထရမ့် ၏ အပစ်ရပ်ရေးဆုံးဖြတ်ချက်ကို ထောက်ခံသော်လည်း လက်ဘနွန်မပါဝင်ကြောင်း အစ္စရေး ဆို”
09 Apr
အစ္စရေးအနေဖြင့် အီရန်အပေါ် သီတင်းပတ်နှစ်ပတ် အပစ်ရပ်မည့် အမေရိကန်သမ္မတ ထရမ့် ၏ ဆုံးဖြတ်ချက်အား ထောက်ခံကြောင်း၊ သို့သော် အပစ်ရပ်မှုတွင် လက်ဘနွန်မပါဝင်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ဧပြီလ ၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အီရန်နှင့် အပစ်ရပ်ရေးအတွက် အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားကို ချက်ချင်းပြန်ဖွင့်ပေး၍ အမေရိကန်၊ အစ္စရေးနှင့် ဒေသတွင်း အခြားနိုင်ငံများအပေါ် တိုက်ခိုက်မှုအားလုံး ချက်ချင်းရပ်တန့်ရန် ဦးစွာလိုအပ်ကြောင်း၊ အမေရိကန်အနေဖြင့် အီရန်က နျူကလီးယားခြိမ်းခြောက်မှု၊ ဒုံးကျည်ခြိမ်းခြောက်မှုနှင့် အကြမ်းဖက်ဝါဒခြိမ်းခြောက်မှု မဖြစ်စေရေး သေချာစေရန်အတွက် ကြိုးပမ်းမှုအားလုံးကို အစ္စရေးက ထောက်ခံအားပေးကြောင်း ကြေညာချက်က ဆိုထားသည်။ သီတင်းပတ်နှစ်ပတ်ကြာ အပစ်ရပ်မှုတွင် လက်ဘနွန်မပါဝင်ကြောင်း ကြေညာချက်တွင် အလေးထားဖော်ပြ ထားသည်။ အမေရိကန်အရှေ့ပိုင်း ဒေသစံတော်ချိန် ဧပြီလ ၇ ရက် ညနေပိုင်းတွင် ထရမ့် က လူမှုမီဒီယာ၌ ပို့စ်တင်၍ ၎င်းအနေဖြင့် အီရန်အပေါ် ဗုံးကြဲမှုနှင့် တိုက်ခိုက်မှုများ သီတင်းပတ်နှစ်ပတ် ရပ်တန့်ရန် သဘောတူညီကြောင်း၊ သို့သော် အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားအား ဘက်စုံ၊ ချက်ချင်းနှင့် ဘေးကင်းလုံခြုံစွာ ဖွင့်လှစ်ပေးခြင်းကို သဘောတူညီရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အီရန်အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးရုံးက သတင်းထုတ်ပြန်၍ အီရန်သည် ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ်မာဘတ်တွင် အမေရိကန်နှင့် သီတင်းပတ်နှစ်ပတ်ကြာ နိုင်ငံရေးဆွေးနွေးမှု လုပ်ဆောင်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)