“တရုတ်နိုင်ငံ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုက စွမ်းအင်ဈေးကွက်အကျပ်အတည်း ထိုးနှက်မှု၏ ခံနိုင်ရည်ကို မြှင့်တင်ပေးဟု ရုရှားမီဒီယာဖော်ပြ”
09 Apr
ရုရှားအစိုးရအဖွဲ့အစည်းသတင်းစာ Rossiyskaya Gazeta သည် မကြာသေးမီက ရုရှားနိုင်ငံရေးသုံးသပ်သူ Georgy Bovt ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြရာ တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်ဖွဲ့စည်းပုံ အသွင်ပြောင်းမှုနှင့် စွမ်းအင်သစ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ဖော်ဆောင်လျက်ရှိပြီး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကို ဆက်တိုက်မြှင့်တင်ခြင်းဖြင့် တရုတ်နိုင်ငံက ရေနံနှင့်သဘာဝဓာတ်ငွေ့ ဈေးကွက်အကျပ်အတည်း ထိုးနှက်မှု၏ ခံနိုင်ရည်ကိုမြှင့်တင်ရန် စွဲမြဲစွာလုပ်ဆောင်လျက်ရှိသည်ဟု ဆိုခဲ့သည်။ ဆောင်းပါးအနှစ်ချုပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။ တစ်ကမ္ဘာလုံးစွမ်းအင်ဈေးကွက်က ပထဝီနိုင်ငံရေးပဋိပက္ခ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဈေးနှုန်း မငြိမ်မသက်မှု တို့ကြောင့် သက်ရောက်ခံရမှုပြင်းထန်လာသည့် နောက်ခံအခြေအနေတွင် တရုတ်နိုင်ငံသည် ပိုမိုရှေရှည်ဖြစ်သော အနာဂတ်ကို မျက်နှာမူ၍ စွမ်းအင်အမျိုးစုံလင်မှုဖော်ဆောင်ရန် တွန်းအားပေးကာ လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင် စသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို အင်တိုက်အားတိုက် ဖော်ဆောင်လျက်ရှိသည်။ တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် အကြီးဆုံး၊ ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးဖြစ်သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စနစ်ကို တည်ဆောက်ပြီးဖြစ်ကာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စက်တပ်အင်အား အချိုးအဆသည် ၆၀ ရာခိုင်နှုန်းခန့်ရှိသည်။ နေရောင်ခြည်စွမ်းအင်နှင့် လေအားလျှပ်စစ်စက်ရုံတို့၏ တည်ဆောက်မှုသည် အင်မတန် မြန်ဆန်လှသည်။ တရုတ်နိုင်ငံသည် ဓာတ်အားလိုင်းကွန်ရက်၊ စွမ်းအင်သိုလှောင်မှု စသည်တို့တွင် ရင်းနှီးမြှုပ်နှံမှု ကိုလည်း စဉ်ဆက်မပြတ်တိုးမြှင့်ကာ စွမ်းအင်သစ် အသုံးပြုသိုလှောင်မှုစွမ်းရည်နှင့် ဓာတ်အားစနစ်တည်ငြိမ်မှုကို တစ်ဆင့်တိုးမြှင့်တင်လျက်ရှိသည်။ တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးလျှပ်စစ်ကားနယ်ပယ်တွင် ဦးဆောင်နေရာ၌ ဆက်လက်ရပ်တည်လျက် ရှိသည်။ တရုတ်နိုင်ငံတွင် လျှပ်စစ်ကား၏ ကားအသစ်အရောင်းပမာဏ အချိုးအဆ အဆက်မပြတ်မြင့်တက်လာရာ ဈေးကွက်ပမာဏနှင့် ဈေးနှုန်းအားသာချက်များ သိသာထင်ရှားပြီး အညွှန်းကိန်းအမျိုးမျိုးသည်လည်း ဥရောပ၊ အမေရိကန် တို့ထက် များစွာကျော်လွန်နေသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်လာခြင်း၊ လျှပ်စစ်ကားအသုံးပြုမှုများလာခြင်းနှင့် စွမ်းအင် ဖွဲ့စည်းပုံ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာခြင်းတို့ကြောင့် တရုတ်နိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးကွက် အကျပ်အတည်းထိုးနှက်မှု၏ ခံနိုင်ရည်ကို တစ်ဆင့်တိုးမြှင့်တင်သွားမည်ဖြစ်သည်။ (Repost from Xinhua Myanmar)