“လုံခြုံရေးကောင်စီတွင် ဟော်မုဇ်ရေလက်ကြား ဆုံးဖြတ်ချက်မူကြမ်းကို တရုတ်နှင့် ရုရှား ကန့်ကွက်”
09 Apr
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဟော်မုဇ်ရေလက်ကြားနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်မူကြမ်းကို ဧပြီလ ၇ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၁ မဲ၊ ပါကစ္စတန်နှင့် ကိုလံဘီယာတို့က ကြားနေမဲ၊ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်နှင့် ရုရှားတို့က ကန့်ကွက်မဲပေးခဲ့ပြီး ဆုံးဖြတ်ချက်မူကြမ်းကို အတည်မပြု နိုင်ခဲ့ပေ။ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို ဘာရိန်းမှ အဆိုပြုထားခြင်းဖြစ်ပြီး ဟော်မုဇ်ရေလက်ကြား ကုန်သွယ်ရေး ရေကြောင်းလမ်းကို အသုံးပြုရန် ရည်ရွယ်ထားသော နိုင်ငံများအနေဖြင့် ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံရေးကို အထောက်အကူပြု သေချာစေရန်အတွက် ကာကွယ်ရေးဆိုင်ရာလှုပ်ရှားမှုများ ညှိနှိုင်းဆောင်ရွက်ရန် အထူးအားပေး အားမြှောက်ပြုထားသည်။ လုံခြုံရေးကောင်စီသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန် အဓိကတာဝန် ယူထားရာ ဓမ္မဓိဋ္ဌာန်ကျ၍ သမာသမတ်ကျမှု၊ တရားမျှတမှုရှိသည့် ရပ်တည်ချက်ကို ထိန်းသိမ်းထားသင့်ကြောင်း၊ လက်ရှိအခြေအနေများတွင် အဖွဲ့ဝင်နိုင်ငံများအား အင်အားသုံးခွင့်ပြုခြင်းသည် တရားမဝင်လက်နက်အင်အား အလွဲသုံးစားမှုကို တရားဝင်အသွင် ဖြစ်စေသည်နှင့်တူညီရာ အခြေအနေမှာ မလွဲမသွေ တစ်ဆင့်တိုးမြင့်တက်လာပြီး ပြင်းထန်သောဆိုးကျိုးများကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် မဖြစ်မနေ သတိရှိရှိ လုပ်ဆောင်ရမည်ဖြစ်ပြီး အခြေအနေပြေလျော့ရေး၊ ဆွေးနွေးညှိနှိုင်းမှုများကို ပြန်လည်စတင်ရေး မြှင့်တင်ရန်အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံး က ကုလသမဂ္ဂနှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ(GCC) ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)