IBF ကမ္ဘာ့စူပါမစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်အတွက် အိုစလေ က ပါဗယ်လ်နှင့် ထိုးသတ်မည်
08 AprIBO ကမ္ဘာ့စူပါမစ်ဒယ်ဝိတ်တန်းချန်ပီယံ ကျူးဘားလက်ဝှေ့သမားအိုစလေဟာ IBF ကမ္ဘာ့စူပါမစ်ဒယ် ဝိတ်တန်းချန်ပီယံခါးပတ်အတွက် ရုရှားလက်ဝှေ့သမား ပါဗယ်လ်နှင့် ဧပြီလ ၉ ရက်တွင် ကနေဒါနိုင်ငံ မွန်ထရီရယ် မြို့၌ ထိုးသတ်မည်ဖြစ်ကြောင်း သိရပါတယ်။ အိုစလေဟာ ရှုံးပွဲမရှိသေးတဲ့ လက်ဝှေ့သမားတစ်ဦးဖြစ်ပြီး ပါဗယ်လ်ကလည်း ရှုံးပွဲမရှိသေးတဲ့ လက်ဝှေ့သမားတစ်ဦးဖြစ်ပါတယ်။ သည် အသက် ၂၈ နှစ် အိုစလေဟာ ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုကို ပိုင်ဆိုင်လိုတဲ့အတွက် အသက် ၃၂ နှစ်အရွယ် ပါဗယ်လ်ကို အနိုင်ထိုးသတ်ရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့ပါတယ်။ အိုစလေ က လက်ရှိမှာ ကမ္ဘာ့ချန်ပီယံခါးပတ် တစ်ခုရရှိထားပြီးနောက်ထပ် ခါးပတ်တစ်ခုကို ပိုင်ဆိုင် ချင်တာကြောင့် ပါဗယ်လ်ကို စိန်ခေါ်ခဲ့တာဖြစ်ပြီး ပါဗယ်လ်ဟာလည်း အတွေ့အကြုံများတဲ့ လက်ဝှေ့သမား တစ်ဦး ဖြစ်တာကြောင့် ခက်ခက်ခဲခဲ ကစားရနိုင်ကြောင်းနှင့် သူ့အနေနဲ့အကောင်းဆုံး ပြင်ဆင်ထားသလို ပါဗယ်လ် ကလည်း အကောင်းဆုံးပြင်ဆင်လာမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)