Linz Open တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်ကို ရူဆီ တက်ရောက်
08 Apr
ဩစတြီးယားနိုင်ငံမှာ ကျင်းပတဲ့ Linz Open တင်းနစ်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်တစ်ပွဲအဖြစ် ဗြိတိန် တင်းနစ်မယ် ကေတီဘိုတာနှင့် ရိုမေးနီးယားတင်းနစ်မယ် ရူဆီတို့ ယှဉ်ပြိုင်ခဲ့ရာ ရူဆီက ၇-၆ ၊ ၇-၆ ရလဒ်နဲ့ အနိုင်ရပြီး ဒုတိယအဆင့်သို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ဗိုလ်စွဲရန်ရေပန်းစားနေတဲ့ ကစားသမားစာရင်း မှာ ပါဝင်နေသော ကေတီဘိုတာဟာ ပွဲငယ်နှစ်ပွဲလုံးတွင် အမှားများပြုလုပ်ခဲ့တာကြောင့် မထင်မှတ်ဘဲ အရှုံးရလဒ် နဲ့ ပြိုင်ပွဲမှ ဆောလျင်စွာထွက်ခွာခဲ့ရပါတယ်။ ရူဆီကလည်း ကေတီဟာ ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်ဖြစ်ပြီး အဘက်ဘက်က သာနေတာ ကြောင့် အနိုင်ရဖို့မမျှော်လင့်ဘဲ ရလဒ်ထက်ပိုကောင်းအောင် ကစားနိုင်ဖို့ပဲအာရုံစိုက်ခဲ့ကြောင်းနဲ့ အမှား အနည်းဆုံး ဖြစ်အောင် ကြိုးစားကစားခဲ့တာကြောင့် ထင်မှတ်မထားတဲ့ အနိုင်ရလဒ်ရရှိနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)
08 Apr