တွပ်အက်ချီဆန်ကို စာချုပ်သက်တမ်းတိုးရန် ဘလက်ဘန်းစီစဉ်

08 Apr

အင်္ဂလိပ်ချန်ပီယံရှစ်ကလပ်အသင်းဖြစ်တဲ့ ဘလက်ဘန်းအသင်းက နောက်ခံကစားသမား တွမ်အက်ချီဆန် အား စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ လက်ရှိအချိန်တွင် အသက် ၁၉ နှစ်အရွယ် နောက်ခံကစားသမားဟာ ဥရောပကလပ်အသင်းများစွာကလည်း ခေါ်ယူရန် စိတ်ဝင်စားနေတာကြောင့် ဘလက် ဘန်းအသင်းက စာချုပ်သက်တမ်းတိုးရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ နောက်ခံကစားသမား တွမ်အက်ချီဆန်သည် အနာဂတ်တွင် ထွန်းတောက်လာမည့် ကစားသမားတစ်ဦး အဖြစ် သတ်မှတ်ခံထားရပြီး ဘလက်ဘန်းအသင်းထုတ်ပြန်ချက်မှာလည်း တွမ်အက်ချီဆန်ကို စာချုပ်သက်တမ်း တိုးရန် စီစဉ်နေပြီး စာချုပ်ကိစ္စလည်း မကြာမီရက်ပိုင်းအတွင်း အပြီးသတ်နိုင်တော့မှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ (NVS 008)

08 Apr

ADVERTISE HERE .