အာဆင်နယ်အသင်းက ခရစ္စတီယန်ကိုဖာနီကို ခေါ်ယူရန် စီစဉ်

08 Apr

အာဆင်နယ်အသင်းဟာ လေဗာကူဆင်အသင်းတိုက်စစ်မှူး ခရစ္စတီယန်ကိုဖာနီအား ခေါ်ယူရန် စီစဉ် လျက်ရှိကြောင်း သိရပါတယ်။ ယခုနှစ်ဘောလုံးရာသီတွင် အသက် ၁၉ နှစ်အရွယ်တိုက်စစ်မှူးဟာ လေဗာကူဆင် အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၃၉ ပွဲကစားပြီး ခုနစ်ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အာဆင်နယ်အသင်း က ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်ပါတယ်။ လေဗာကူဆင်အသင်းအနေနဲ့လည်း ခရစ္စတီယန်ကိုဖာနီအတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ် ရရှိပါ က မည်သည့်အသင်းကိုမဆို ရောင်းချသွားမည်ဟု ဆိုထားတာကြောင့် အာဆင်နယ်အသင်းက လာမည့်နွေရာသီ ဈေးကွက်အတွင်းတွင် လေဗာကူဆင်အသင်းမှ ခရစ္စတီယန်ကိုဖာနီအား ခေါ်ယူနိုင်မှာလား ဆိုသည်မှာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ (NVS 008)

08 Apr

ADVERTISE HERE .