ဘားအံမြို့၌ ပထမအကြိမ် နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်စတင်ဖွင့်လှစ်

08 Apr

ပထမအကြိမ် နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်ကို ကရင်ပြည်နယ်၊ ဘားအံမြို့ ကမ်းနားညဈေးအနီးရှိ သံလွင်မြစ်ကမ်းဘေးတွင် ဧပြီလ ၇ ရက်က စတင်ဖွင့်လှစ်ခဲ့ကာ ဧပြီလ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်တွင် ဒေသထွက်ကုန်နှင့် စားသောက်ကုန်ဆိုင်ခန်း ၅၀ ကျော်၊ ရေဆော့ကစားရန်နှင့်နားနေရန်တို့အတွက် ရေကူးဘောကွင်းများ၊ အန္တရာယ်ကင်းစွာရေကစားနိုင်ရန် မြစ် ရေကြောင်းအရံအတားများ၊ ရေချိုးခန်းနှင့် အဝတ်လဲခန်းများ၊ သောင်ပြင်အမိုးတဲများ၊ မြန့်မာ့ရိုးရာသနပ်ခါး လိမ်းခြယ်ရန်နေရာနှင့် ဖျော်ဖြေရေးအစီအစဉ်များပါဝင်ကြောင်း သိရပါတယ်။ ဘားအံမြို့၌ သင်္ကြန်ပွဲတော်များကို သီရိကွင်းဗဟိုမဏ္ဍပ်၊ ကမ်းနားလမ်းတစ်လျှောက် ဝန်ကြီးဌာနမဏ္ဍပ် များနှင့်လမ်းလျှောက်သင်္ကြန်၊ချစ်သူလမ်းကြားတစ်လျှောက်သင်္ကြန်နှင့်ပြည်နယ်လွှတ်တော်ရှေ့တွင်လမ်းလျှောက် သင်္ကြန်များနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

08 Apr

ADVERTISE HERE .