ကုန်ဈေးနှုန်းသတင်း ၇.၄.၂၀၂၆
07 Apr
ဧပြီလ ၇ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပြောင်းဆန်ဈေးတွေ အနည်းငယ် တက်လာပြီး ပဲကြီး၊ စားတော်ပဲနဲ့ ကြက်သွန်ဖြူ၊ အာလူးဈေးတွေကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ ထန်းလျက်၊ သကြားနဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်း ကို ၉၇,၆၅၇ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၇,၆၁၃ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာ ကို ၅,၁၃၀ ကျပ်ကနေ ၅,၁၇၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၅,၀၃၂ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၇,၅၂၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၈၈၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၂၁၅ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၈,၄၉၅ ကျပ်ကနေ ၈,၈၅၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၃၈၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၆၆၅ ကျပ်ကနေ ၃,၇၅၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၁,၁၆၅ ကျပ်ကနေ ၁၁,၆၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၅၀ ကျပ်ကနေ ၁,၆၇၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၇၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၇,၆၆၅ ကျပ်ကနေ ၉,၁၇၀ ကျပ်၊ ကြက်သွန်နီ(မြစ်သား) တစ်ပိဿာကို ၁,၈၀၀ ကျပ်ကနေ ၃,၁၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၁၂,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ မန်ကျည်းသီး (ပွင့်ကပ်/အသား) တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၈၀၀ ကျပ်ကနေ ၄,၄၀၀ ကျပ်၊ အာလူး (အောင်ပန်း)တစ်ပိဿာကို ၂,၀၀၀ ကျပ်ကနေ ၂,၅၀၀ ကျပ်၊ ငါးရောင်ကြီး တစ်ပိဿာကို ၆၀,၀၀၀ ကျပ်ကနေ ၆၅,၀၀၀ ကျပ်၊ ငါးရောင်လတ် တစ်ပိဿာကို ၄၀,၀၀၀ ကျပ်ကနေ ၄၅,၀၀၀ ကျပ်၊ ငါးရောင်သေး တစ်ပိဿာကို ၃၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၄၁ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၃၃၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၃၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၄,၆၂၅ ကျပ်၊ မန္တလေးမှာ ၄,၇၄၀ ကျပ်၊ နေပြည်တော်မှာ ၄,၇၀၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၄,၇၈၀ ကျပ်၊ မန္တလေးမှာ ၄,၈၉၀ ကျပ်၊ နေပြည်တော်မှာ ၄,၈၆၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၅,၆၈၀ ကျပ်၊ မန္တလေးမှာ ၅,၇၉၀ ကျပ်၊ နေပြည်တော်မှာ ၅,၇၅၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၆,၈၀၅ ကျပ်၊ မန္တလေးမှာ ၆,၉၂၀ ကျပ်၊ နေပြည်တော်မှာ ၆,၈၈၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၇,၁၀၀,၀၀၀ိ/-) ခုနစ်ဆယ် တစ်သိန်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၁၀,၆၃၀,၀၀၀ိ/-) တစ်ရာ ခြာက်သိန်း သုံးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။