“ရီးရဲလ်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားဖွယ်ရှိနေတဲ့ ဟာရီကိန်း”

07 Apr

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း ဟာ ရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ပါဝင်ကစားဖွယ်ရှိနေပါတယ်။ ဟာရီကိန်းအနေနဲ့ ပြီးခဲ့တဲ့စနေနေ့က ခြေချင်းဝတ်ဒဏ်ရာ အသေးစားရထားလို့ ဖရိုင်းဘတ်အသင်းနဲ့ပွဲကို လွဲချော်ခဲ့ပေမယ့် ယခုအချိန်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပါတယ်။ ဟာရီကိန်း ဟာ နိုင်ငံတကာ ရက်သတ္တပတ်အတွင်း အင်္ဂလန်အသင်းနဲ့ လေ့ကျင့်ရေးမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ဥရုဂွေး၊ ဂျပန်တို့နဲ့ပွဲတွေမှာ ပါဝင်ကစားခြင်းမရှိခဲ့ပါဘူး။ ဘိုင်ယန်နည်းပြ ကွန်ပနီ ကတော့ ဟာရီကိန်းရဲ့အခြေအနေကို စောင့်ကြည့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ရီးရဲလ်အသင်းနဲ့ ဘိုင်ယန်အသင်းဟာ နောက်ဆုံး ၁၄ ရာသီမှာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွေ့ဆုံမှု ခြောက်ကြိမ် ရှိခဲ့ပါတယ်။ ၂၀၁၁-၁၂ ရာသီကတည်းက ရီးရဲလ်အသင်းက လေးကြိမ်ဆက် အနိုင်ယူကျော်ဖြတ်ခဲ့ပြီး ဆီမီးဖိုင်နယ် သုံးကြိမ်နဲ့ ကွာတားဖိုင်နယ် တစ်ကြိမ် တို့ဖြစ်ပါတယ်။ (NVS 008)

07 Apr

ADVERTISE HERE .