“ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဆင်နယ်အသင်းကစားသမား လေးဦးခန့် ပါဝင်နိုင်ဖွယ်မရှိ”
07 Apr
အာဆင်နယ်အသင်းအနေနဲ့ ယနေ့ကစားမယ့် စပို့တင်းလစ္စဘွန်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ကစားသမား လေးဦးလောက် ပါဝင်နိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။ ဆာကာအပါအဝင် တင်ဘာ၊ အက်ဇယ်နဲ့ ဟင်ကာပိုင် တို့ အဆိုပါပွဲမှာ လွဲချော်ဖို့ ရှိနေပါတယ်။ ဆာကာ နဲ့ တင်ဘာ တို့ဟာ အာဆင်နယ်အသင်းရဲ့ အဝေးကွင်းခရီးစဉ်ကို လိုက်ပါမသွားဘူးလို့ သိရပါတယ်။ အာဆင်နယ်အသင်းနည်းပြ အာတေတာ ကတော့ ဂါဘရီယဲလ်၊ ဒက်ကလန်ရိုက်စ်နဲ့ ထရိုဆတ်ဒ်တို့ ပါဝင်ကစားမယ်လို့ အတည်ပြုခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လိဂ်ဖလားနဲ့ FA ဖလားစတဲ့ ပြည်တွင်းဖလားနှစ်လုံးဆက် လက်လွှတ်ခဲ့ရပြီးနောက် ဖိအားများရှိနေပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ အဓိကပြိုင်ဘက် မန်စီးတီး ကို ကိုးမှတ်ဖြတ်ထားပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာလည်း စပို့တင်းလစ္စဘွန်းအသင်းနဲ့သာတွေ့ဆုံနေလို့ လက်ကျန်ဖလားနှစ်လုံးအတွက် အလားအလာကောင်းနေပါတယ်။ (NVS 008)