ကုန်ဈေးနှုန်းသတင်း ၆.၄.၂၀၂၆

06 Apr

ဧပြီလ ၆ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ အနည်းငယ် ကျဆင်းလာပြီး ကြက်သွန်နီဈေးကတော့ အနည်းငယ် တက်လာပါတယ်။ ထန်းလျက်၊ သကြား၊ မန်ကျည်းသီး၊ အာလူးနဲ့ အခြားပဲအများစုဈေးတွေကတော့‌ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်း ကို ၉၇,၇၈၂ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၈,၄၂၂ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၁၄၀ ကျပ်ကနေ ၅,၁၇၅ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၅,၀၃၂ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၅,၃၃၀ ကျပ်ကနေ ၆,၈၅၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၈၈၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၂၁၅ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၈,၀၀၀ ကျပ်ကနေ ၈,၈၉၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၃၈၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၆၆၅ ကျပ်ကနေ ၃,၇၅၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၁,၁၆၅ ကျပ်ကနေ ၁၂,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၀၀ ကျပ်ကနေ ၁,၆၂၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၇၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၇,၆၆၅ ကျပ်ကနေ ၉,၁၇၀ ကျပ်၊ ကြက်သွန်နီ(မြစ်သား) တစ်ပိဿာကို ၁,၅၀၀ ကျပ်ကနေ ၂,၇၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာကို ၁၁,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/အသား) တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၈၀၀ ကျပ်ကနေ ၄,၄၀၀ ကျပ်၊ အာလူး (အောင်ပန်း)တစ်ပိဿာကို ၂,၃၀၀ ကျပ်ကနေ ၂,၈၀၀ ကျပ်၊ ပုစွန်ခြောက်(ရခိုင်ရွှေပုစွန်) တစ်ပိဿာကို ၉၀,၀၀၀ ကျပ်ကနေ ၁၅၀,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၉,၀၀၀ ကျပ်ကနေ ၂၅,၀၀၀ ကျပ်၊ ငါးနှပ်ခြောက် တစ်ပိဿာကို ၃၃,၀၀၀ ကျပ်ကနေ ၇၀,၀၀၀ ကျပ်ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၄၁ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၂၉၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၁၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၄,၆၂၅ ကျပ်၊ မန္တလေးမှာ ၄,၇၄၀ ကျပ်၊ နေပြည်တော်မှာ ၄,၇၀၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၄,၇၈၀ ကျပ်၊ မန္တလေးမှာ ၄,၈၉၀ ကျပ်၊ နေပြည်တော်မှာ ၄,၈၆၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၅,၆၈၀ ကျပ်၊ မန္တလေးမှာ ၅,၇၉၀ ကျပ်၊ နေပြည်တော်မှာ ၅,၇၅၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၆,၈၀၅ ကျပ်၊ မန္တလေးမှာ ၆,၉၂၀ ကျပ်၊ နေပြည်တော်မှာ ၆,၈၈၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၇,၁၀၀,၀၀၀ိ/-) ခုနစ်ဆယ် တစ်သိန်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၁၀,၅၆၀,၀၀၀ိ/-) တစ်ရာ ငါးသိန်း ခြောက်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

06 Apr

ADVERTISE HERE .