“မန်စီးတီးအသင်းအတွက် ဟက်ထရစ် ၁၂ ကြိမ်ရှိလာခဲ့တဲ့ ဟာလန်း”

06 Apr

မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်း ဟာ FA ဖလားစကွာတားဖိုင်နယ်မှာ ဟက်ထရစ်သွင်းပြီး မန်စီးတီးအသင်း အတွက် ဟက်ထရစ် ၁၂ ကြိမ်ရရှိလာခဲ့ပါတယ်။ ဟာလန်း အနေနဲ့ မန်စီးတီးအသင်းအတွက် ကစားထားတဲ့ကာလအတွင်း ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ဟက်ထရစ်အများဆုံးလည်းဖြစ်ခဲ့ပါတယ်။ ဟာလန်း ဟာ မန်စီးတီးအသင်းအတွက် ပွဲ ၁၉၀ ကစားထားပြီး ၂၀၂၄ သြဂုတ်လက ဝက်စ်ဟမ်းအသင်းနဲ့ပွဲပြီးနောက် တစ်နှစ်ကျော်ကြာမှ ဟက်ထရစ်ပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းကို မရောက်ခင် ကလပ်ဟက်ထရစ် ၁၀ ကြိမ်၊ နော်ဝေလက်ရွေးစင်အသင်းနဲ့ ဟက်ထရစ် ခြောက်ကြိမ် သွင်းယူခဲ့ပါတယ်။ ဟာလန်း ဟာ မန်စီးတီးအသင်းအတွက် ပျမ်းမျှ ၁၅ ဒသမ ၈ ပွဲမှာ ဟက်ထရစ် တစ်ကြိမ် ရရှိထားတာပါ။ ဟာလန်း ရဲ့ကစားသမားဘဝတစ်လျှောက်လုံးမှာတော့ ပျမ်းမျှ ၁၇ ဒသမ ၇ ပွဲမှာ ဟက်ထရစ် တစ်ကြိမ် သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

06 Apr

ADVERTISE HERE .