“ချန်ပီယံကာကွယ်ပွဲမှ ဂျိုရှူအာဗန် ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ပြီး မေလ ၉ ရက်မှာ ပြန်လည်ထိုးသတ်မည်”
06 Apr
UFC ဖလိုင်းဝိတ်ချန်ပီယံ ဂျိုရှူအာဗန် ဟာ ဧပြီလ ၁၁ ရက်မှာထိုးသတ်မယ့် UFC 327 ပွဲစဉ်မှ နုတ်ထွက်ပြီး မေလ ၉ ရက်မှာ ထိုးသတ်မယ့်UFC 328 မှာ ပြန်လည်ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဂျိုရှူအာဗန် ဟာ ဂျပန်ကစားသမား တက်ဆူရိုတိုင်ရာ နဲ့ ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ဖို့ စီစဉ်ထားပါတယ်။ UFC ဝက်ဘ်ဆိုက်က ဂျိုရှူအာဗန် နုတ်ထွက်မှုကို စနေနေ့ညမှာ တရားဝင်ကြေညာခဲ့ပါတယ်။ ဒဏ်ရာကြောင့်လို့ UFC က သတင်းထုတ်ပြန်ခဲ့ပေမယ့် ဘယ်လိုဒဏ်ရာအမျိုးအစားလဲဆိုတာ မဖော်ပြခဲ့ပါဘူး။ ဂျိုရှူအာဗန် ဟာ UFC မှာ ၁၀ ပွဲ ထိုးသတ်ထားပြီး ကိုးပွဲအနိုင်ရကာ တစ်ပွဲသာ အရေးနိမ့်ခဲ့ပါတယ်။ ဂျိုရှူအာဗန်-တိုင်ရာ တို့ရဲ့ UFC 327 co-main event နေရာမှာ မာဇာခါနော့ဗ်နဲ့ ပေါ်လိုကော်စတာတို့ ထိုးသတ်မယ့် လိုက်ဟဲဗီးဝိတ် ပွဲကိုco-main event ပွဲအဖြစ် အစားထိုးခဲ့ပါတယ်။ (NVS 008)
06 Apr