“နှလုံးကျန်းမာရေးကြောင့် ကစားသမားဘဝမှ အနားယူကြောင်းကြေညာခဲ့တဲ့ အော်စကာ”
06 Apr
ဘရာဇီးလ်ကွင်းလယ်လူ အော်စကာ ဟာ နှလုံးကျန်းမာရေးအခြေအနေကြောင့် ကစားသမားဘဝကနေ အနားယူခဲ့ရပါတယ်။ အသက် ၃၄ နှစ်အရွယ် အော်စကာ က ဘောလုံးလောကကို ကျောခိုင်းတော့မယ့် သတင်းတွေဟာ ပြီးခဲ့တဲ့လများကတည်းက ထွက်ပေါ်ခဲ့ပါတယ်။ အော်စကာ အနေနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက ဆော်ပေါ်လိုအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ကြံ့ခိုင်ရေးစမ်းသပ်မှု ခံယူရင်း နေမကောင်းဖြစ်လာလို့ ဆေးရုံတက်ခဲ့ရပါတယ်။ ဆော်ပေါ်လိုအသင်းနဲ့ စာချုပ်သက်တမ်း နှစ်နှစ်ကျန်သေးပေမယ့် စာချုပ်ဖျက်သိမ်းကာ အနားယူခဲ့ရတာ ဖြစ်ပါတယ်။ အော်စကာဟာ ဆော်ပေါ်လိုအသင်းနဲ့ ကစားသမားဘဝ စတင်ခဲ့ပြီး အင်တာနေစီယွန်နယ်၊ ချဲလ်ဆီးနဲ့ ရှန်ဟိုင်းဆိပ်ကမ်းအသင်းတွေမှာ သွားရောက်ကစားခဲ့ပါတယ်။ အော်စကာ ဟာ ဘရာဇီးလ်လက်ရွေးစင်အသင်း အတွက် ၄၈ ပွဲကစားကာ ၁၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ (NVS 008)
06 Apr