“ကွင်းသစ်ဖွင့်ပွဲမှာ သရေရလဒ်သာရှိခဲ့တဲ့ အင်တာမိုင်ယာမီ”
06 Apr
အင်တာမိုင်ယာမီအသင်းဟာ ကွင်းသစ် Nu Stadium ဖွင့်ပွဲမှာ အော်စတင် FC အသင်းနဲ့ နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။ အင်တာမိုင်ယာမီအနေနဲ့ နောက်ကလိုက်ကစားပြီး ချေပဂိုးတွေ သွင်းခဲ့ရတာဖြစ်ပါတယ်။ အင်တာမိုင်ယာမီ ရဲ့ ချေပဂိုးတွေကို မက်ဆီနှင့် ဆွာရက်ဇ်တို့က သွင်းယူခဲ့ပါတယ်။ မက်ဆီ ဟာ အင်တာမိုင်ယာမီကွင်းသစ် Nu Stadium မှာ အသင်းအတွက် ပထမဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Nu Stadium ဟာ ပရိသတ် ၂၆,၇၀၀ ဦးသာ ဝင်ဆံ့တဲ့ ကွင်းတစ်ကွင်းလည်းဖြစ်ပါတယ်။ အင်တာမိုင်ယာမီအသင်းက အခုပွဲ အနိုင်မရခဲ့ပေမဲ့ မေဂျာလိဂ် ၅ ပွဲဆက် ရှုံးပွဲမရှိခဲ့တာ ဖြစ်ပါတယ်။ အော်စတင် FC ကတော့ မေဂျာလိဂ် လေးပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ရပါတယ်။ (NVS 008)
06 Apr