“ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆု ဒုတိယအများဆုံးရယူနိုင်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်”

06 Apr

မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် က မတ်လအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဆိုပါဆုကို ဖာနန်ဒက်စ် က ခြောက်ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ ဒုတိယအများဆုံး ဆွတ်ခူးနိုင်သူ ဖြစ်လာခဲ့ပါတယ်။ မန်ယူအသင်းကစားသမားဟောင်း စီရော်နယ်လ်ဒို၊ လီဗာပူးလ် ကစားသမားဟောင်း ဂျရတ် တို့နဲ့ ပူးတွဲရပ်တည်နေတာဖြစ်ပါတယ်။ ၎င်းတို့သုံးဦးထက်မှာ ခုနစ်ကြိမ်စီရရှိထားတဲ့ စပါးတိုက်စစ်မှူးဟောင်း ဟယ်ရီကိန်း၊ မန်စီးတီးတိုက်စစ်မှူးဟောင်း အဂွဲရိုး၊ လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာ တို့ ရှိနေပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ မတ်လအတွင်း ၄ ပွဲကစားရာမှာ ၂ ဂိုးသွင်း၊ ၄ ဂိုးဖန်တီးခဲ့လို့ အကောင်းဆုံးဆုရှင်အဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းနည်းပြ အာတေတာကတော့ မတ်လအတွက် အကောင်းဆုံးနည်းပြဆု ဆွတ်ခူးပြီး ဆဋ္ဌမမြာက်အများဆုံး ဖြစ်လာခဲ့ပါတယ်။ (NVS 008)

06 Apr

ADVERTISE HERE .