“ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အိမ်အငှားဝန်ဆောင်မှုနှင့် တိုက်ခန်းများ အရောင်းအဝယ်များနေ”

05 Apr

ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်းမှာ အိမ်အငှားဝန်ဆောင်မှုနှင့် တိုက်ခန်းများ အရောင်းအဝယ်ဖြစ် နေကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ရန်ကုန်တိုင်းဒေသကြီး(ရုံးခွဲ)မှ သိရပါတယ်။ ရန်ကုန်မြို့ အိမ်ခြံမြေအရောင်းအဝယ်များမှာ ဈေးကွက်အနေအထားအရ ဈေးနှုန်းအမြင့်ပိုင်း အရောင်း အဝယ်များ ငြိမ်နေသော်လည်း အငှားများနှင့် တိုက်ခန်းအရောင်းအဝယ်များသာ ရှိနေတာဖြစ်ပါတယ်။ အဆိုပါအသင်းအနေနဲ့ အိမ်ခြံမြေဈေးကွက်အား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသလို အကျိုးဆောင်များ ရောင်းမှား၊ ဝယ်မှားမဖြစ်စေရန် AML/CFT ဥပဒေဆိုင်ရာများနှင့် အိမ်ခြံမြေအသိပညာပေးသင်တန်းများ ဖွင့်လှစ် ပေးကာ အကျိုးဆောင်အသိအမှတ်ပြု မှတ်ပုံတင်ရရှိရန်လည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အသင်းအနေဖြင့် အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ချင်းပြည်နယ်မှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရုံးခွဲများဖွင့်လှစ်ထားပြီး အကျိုးဆောင်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသင်းဝင် ပေါင်း ၁၇,၀၀၀ ခန့်ရှိကာ ၎င်းတို့အနက် AML/CFT ဥပဒေဆိုင်ရာများနှင့် အိမ်ခြံမြေအသိပညာပေးသင်တန်း တက်ရောက်ပြီးသူ ၁၅,၀၀၀ ခန့်ရှိကြောင်းလည်းသိရပါတယ်။(NVS 004)

05 Apr

ADVERTISE HERE .