“ဧပြီလအတွက် ရန်ကုန်အထိုင် လက်ကားမြေဩဇာရည်ညွန်းဈေးနှုန်းများ ထုတ်ပြန်”

04 Apr

ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် တောင်သူများ အဓိက သုံးစွဲနေတဲ့ မြေသြဇာများကို ရန်ကုန်အထိုင်လက္ကားဈေးနှုန်းအဖြစ် ဧပြီလ ၁ ရက်မှ ၃ဝ ရက်အထိ ရောင်းချရမည့် ဈေးနှုန်းများကို အသင်းဝင်ကုမ္ပဏီများသို့ ညွှန်ကြားထားကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ရောင်းချရမည့် ဈေးနှုန်းများမှာ ယူရီးယားမြေသြဇာ အလုံးကြီး ၅ဝ ကီလို တစ်အိတ်လျှင် ငွေကျပ် ၉၄,ဝဝဝဝ၊ DI Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅ဝ ကီလိုတစ်အိတ်လျှင် ငွေကျပ် ၁၁၅,ဝဝဝ ဈေး နှုန်းအဖြစ် သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။ Complex 15 ပတ်လည် မြေသြဇာသည် ရည်ညွှန်းဈေးနှုန်း သတ်မှတ်ထားခြင်းမရှိကြောင်းနှင့် အဆိုပါဈေးနှုန်းများမှာလည်း ရန်ကုန်အထိုင် လက်ကား ဈေးနှုန်း လက်ငင်းငွေချေစနစ်ဈေးများဖြစ်ကြောင်း သိရပါတယ်။ ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်များအပေါ်တွင်မူတည်၍ ဈေးနှုန်းကွာခြားနိုင်ကြောင်းနှင့် ရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းချခြင်းမရှိပါက ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီနှင့် မြန်မာနိုင်ငံမြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းသို့ ဆက်သွယ်အသိပေးနိုင်ပါတယ်။(NVS 004)

04 Apr

ADVERTISE HERE .