“ASIA Fruit Logistica 2026 South East Asia Meet Up(Thailand)သို့တက်ရောက်ရန် ဖိတ်ခေါ်”
04 Apr
Global Produce Event (HK)Co.,Ltd မှ ကြီးမှူးကျင်းပသည့် ASIA Fruit Logistica 2026 South East Asia Meet Up ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ JW Marriott Hotel တွင် ၂ဝ၂၆ ခုနှစ် မေ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပ သွားမှာဖြစ်လို့ စိတ်ပါဝင်စားသည့် အသင်းဝင်ကုမ္ပဏီများအနေနဲ့ ပါဝင်နိုင်ရန် သက်ဆိုင်ရာမှ ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ အဆိုပါပွဲသည် နှစ်စဉ်ကမ္ဘာတစ်ဝန်းမှ သီးနှံထုတ်လုပ်သူများ၊ တင်ပို့ရောင်းချသူများနှင့်ကုမ္ပဏီများ စုစုပေါင်း ၃၀ဝ မှ ၄ဝဝ ကျော် တက်ရောက်လေ့ရှိတဲ့ နိုင်ငံတကာအဆင့်မီပြပွဲတစ်ခုဖြစ်ပြီး ယခုနှစ်တွင် MF-VP အနေနဲ့ မိတ်ဖက်အဖွဲ့အစည်း(Partner)အဖြစ် ပါဝင်ခွင့်ရရှိထားပါတယ်။ ပွဲတက်ရောက်ခြင်းအားဖြင့် MFVP အသင်းဝင်များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို နိုင်ငံတကာကုမ္ပဏီများထံ ပိုမိုမိတ်ဆက်နိုင်မှာဖြစ်ပြီး စီးပွားရေးဆိုင်ရာ မိတ်ဖက် ဆက်ဆံရေးများကိုလည်း တိုးချဲ့နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဈေးကွက်သို့ မိမိလုပ်ငန်းများကို ကြော်ငြာနိုင်ခြင်းနှင့် အရောင်းအဝယ်အခွင့်အလမ်းသစ်များ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ စိတ်ပါဝင်စားသည့်အသင်းဝင်ကုမ္ပဏီများအနေဖြင့် https://www.asiafruitlogistica.com/ meet-ups-2026-se-asia/ မှတစ်ဆင့် စာရင်းပေးသွင်း၍ တက်ရောက်နိုင်ကြောင်း ဖိတ်ကြားထားပါတယ်။(NVS 004)