“နော်တင်ဟမ်အသင်းက ကွင်းလယ်ကစားသမား အန်ဒါဆန် အတွက်ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်”
03 Apr
မန်ယူအသင်းက ယခုဘောလုံးရာသီအကုန်တွင် အသင်းမှ ဝါရင့်ကွင်းလယ်ကစားသမား ကက်စ်မဲရိုး ထွက်ခွာ မှာဖြစ်လို့ အန်ဒါဆန် နှင့်အစားထိုးလိုနေပြီး မန်စီးတီးအသင်းကလည်း ကွင်းလယ်ကစားသမား အင်အားဖြည့်တင်း လိုတဲ့အတွက် အန်ဒါဆန် ကို ခေါ်ယူလိုနေခြင်းဖြစ်ပါတယ်။ အန်ဒါဆန် ကို ၂၀၂၅ ခုနှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကတည်းက ထိပ်တန်းအသင်းကြီးများက ခေါ်ယူရန် တရားဝင်ကမ်းလှမ်းမှုများ လုပ်ဆောင်ခဲ့သော်လည်း နော်တင်ဟမ်အသင်းက ပယ်ချခဲ့ပြီး လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အန်ဒါဆန် ကိုယ်တိုင်က အသင်းမှထွက်ခွာလိုတဲ့အတွက် နော်တင်ဟမ် အသင်းက ဆက်လက်ထိန်းထားရန် ခက်ခဲနိုင်သည့်အခြေအနေများကြောင့် မြင့်မားသည့်ပြောင်းရွှေ့ကြေးဖြစ်တဲ့ စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် အန်ဒါဆန် ဟာ နယူးကာဆယ်အသင်းတွင် ကစားခွင့်မရရှိသည့်အတွက် ၂၀၂၄ ခုနှစ်က နော်တင်ဟမ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့သူဖြစ်ပါတယ်။ အန်ဒါဆန် အနေနဲ့ ယခုဘောလုံးရာသီတွင်လည်း နော်တင်ဟမ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြလျက်ရှိလို့ လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် မန်ချက်စတာမြို့ခံနှစ်သင်းဖြစ်သည့် မန်စီးတီးနှင့် မန်ယူအသင်းတို့က အပြိုင်ခေါ်ယူရန်ပြင်ဆင်နေခြင်းဖြစ်ပါတယ်။ မန်စီးတီးနှင့် မန်ယူအသင်းတို့ကလည်း နော်တင်ဟမ်အသင်းသတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင်သန်း ၁၀၀ ကို ပေးချေရန်အသင့်ရှိနေတဲ့အတွက် အန်ဒါဆန် အနေနဲ့ ပြောင်းရွှေ့မည့်အသင်းကိုသာ ရွေးချယ်ရဖွယ်ရှိကြောင်း သိရပါတယ်။(NVS 008)