“မန်ယူအသင်းက လိုက်ပ်ဇစ်အသင်းမှ ဒီယိုမန်ဒီ ကိုခေါ်ယူရန် ကြိုးပမ်းနေ”
03 Apr
မန်ယူအသင်းက ယခုနှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းတိုက်စစ်ပိုင်းအတွက် လိုက်ပ်ဇစ်အသင်း တောင်ပံတိုက်စစ်ကစားသမား ဒီယိုမန်ဒီ ကိုခေါ်ယူရန် ကြိုးပမ်းနေကြောင်း Fotmob သတင်း ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ လက်ရှိတွင် ဒီယိုမန်ဒီ ရဲ့ခြေစွမ်းပိုင်းကြောင့် ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးအသင်းကလည်း စိတ်ဝင်စား နေသဖြင့် မန်ယူအသင်းက ၎င်းကို လက်ဦးမှုရယူနိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဒီယိုမန်ဒီ က လီဂါနက်စ်အသင်းမှ လိုက်ပ်ဇစ်အသင်းသို့ ၂၀၂၅ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလမှာ ရောက်ရှိခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၂၉ ပွဲပါဝင်ကစားထားရာ သွင်းဂိုး ၁၁ ဂိုးနှင့် ဂိုးဖန်တီးမှု ခုနစ်ကြိမ်ပြုလုပ်ကာ ခြေစွမ်းကောင်းများ ပြသထားနိုင်ခဲ့လို့ မန်ယူအသင်းအပြင် ဥရောပကလပ်အသင်းများရဲ့ စိတ်ဝင်စားမှုကို ခံနေရသူဖြစ်ပါတယ်။ ဒီယိုမန်ဒီ အနေနဲ့ ကွင်းလယ်တိုက်စစ်၊ တောင်ပံတိုက်စစ်ဘယ်၊ ညာ နှစ်ဖက်လုံးတွင် ကစားနိုင်တာကြောင့် မန်ယူအသင်းက ခေါ်ယူရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)