“ဧပြီလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် အပြောင်းအလဲမှာ ပြင်သစ်အသင်း ကမ္ဘာ့အဆင့်(၁)မှာရပ်တည်”
03 Apr
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ဧပြီလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်ထုတ်ပြန်ရာတွင် အဆင့် အပြောင်းအလဲများဖြစ်ခဲ့ပြီး ပြင်သစ်အသင်းအနေက ကမ္ဘာ့အဆင့်(၁)နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဧပြီလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ပြင်သစ်အသင်းက နှစ်ဆင့်မြင့်တက်လာပြီးနောက် စပိန်အသင်းကိုကျော်ဖြတ်ကာ ကမ္ဘာ့အဆင့်(၁)နေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။ ပြီးခဲ့သည့်လအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့်(၁)နေရာ၌ ဦးဆောင်ခဲ့တဲ့ စပိန်အသင်းက တစ်ဆင့်ကျဆင်းပြီးနောက် ကမ္ဘာ့ အဆင့်(၂)နေရာသို့ ကျဆင်းခဲ့ရပြီး ထိပ်ဆုံး ၁၀ သင်းစာရင်းတွင် အဆင့်ရပ်တည်မှုပြောင်းလဲခဲ့သည့် အသင်းများအဖြစ် စပိန်အသင်းနှင့်အတူ အာဂျင်တီးနား၊ ပေါ်တူဂီနှင့် ဘရာဇီးအသင်းတို့ ပါဝင်ခဲ့ကြပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ဧပြီလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး ၁၀ သင်းစာရင်းတွင် ပြင်သစ်အသင်းနောက်၌ စပိန်အသင်းက အဆင့်(၂)၊ အာဂျင်တီးနားအသင်းကလည်း တစ်ဆင့်ကျဆင်းခဲ့ပြီး အဆင့် (၃)၊ အင်္ဂလန်အသင်းက အဆင့်(၄)၊ ပေါ်တူဂီအသင်းက တစ်ဆင့်မြင့်တက်လာပြီး အဆင့်(၅)၊ ဘရာဇီးအသင်းက တစ်ဆင့်ကျဆင်းခဲ့ပြီး အဆင့်(၆)၊ နယ်သာလန်အသင်းက အဆင့်(၇)၊ မော်ရိုကိုအသင်းက အဆင့်(၈)၊ ဘယ်လ်ဂျီ ယံအသင်းက အဆင့်(၉)နှင့် ဂျာမနီအသင်းက အဆင့် (၁၀)နေရာ၌ အသီးသီးရပ်တည်နေခဲ့ပါတယ်။(NVS 008)