“ရီးရဲလ်မက်ဒရစ်အသင်းက ကာဗာဂျယ်၊ အလာဘာ၊ ရူဒီဂါ၊ စီဘယ်လော့၊ မက်စတန်တူနို တို့နှင့် လမ်းခွဲမည်ဟု ကြေညာ”

03 Apr

ရီးရဲလ်မက်ဒရစ်အသင်းက ယခုနှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှ ကာဗာဂျယ်၊ အလာဘာ၊ ရူဒီဂါ၊ စီဘယ်လော့၊ မက်စတန်တူနို တို့နှင့်လမ်းခွဲမည်ဟု အတည်ပြုကြေညာခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ကာဗာဂျယ် က ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ နှစ်ပေါင်းအတန်ကြာ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ယခုနှစ်ဘောလုံးရာသီတွင် အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်လို့ ရီးရဲလ်မက်ဒရစ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုမှာဖြစ်ပါတယ်။ ထို့အတူ အလာဘာ၊ ရူဒီဂါ၊ စီဘယ်လော့ တို့သည်လည်း ယခုနှစ်ဘောလုံးရာသီတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုမှာမဟုတ်ဘဲ အလွတ်ပြောင်းရွှေ့ ကြေးဖြင့် ထွက်ခွာခွင့်ပြုမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ကာဗာဂျယ်၊ အလာဘာ၊ ရူဒီဂါ၊ စီဘယ်လော့ တို့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်မည်ဖြစ်သော်လည်း လူငယ်ကစားသမား မက်စတန်တူနို ကို ကနဦးအငှားစာချုပ်ဖြင့်သာ လက်လွှတ်မည်ဖြစ်ပြီး လက်ရှိတွင် မက်စတူတန်နို အနေဖြင့် ဘင်ဖီကာအသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်နေကြောင်း သိရပါတယ်။(NVS 008)

03 Apr

ADVERTISE HERE .