ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား နိုင်ငံတော်သမ္မတအဖြစ်တင်မြှောက်

03 Apr

ဧပြီလ ၃ ရက်ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခဲ့ပါတယ်။ ဆန္ဒမဲပေးခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၅၈၄ ဦးတို့က လျှို့ဝှက်မဲပေးရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၄၂၉ မဲ၊ ဦးညိုစော က ၁၂၆ မဲနှင့် ‌ဒေါ်နန်းနီနီအေး က ၂၉ မဲ ရရှိခဲ့ကြပါတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတအဖြစ် ဦးမင်းအောင်လှိုင်၊ ဒုတိယသမ္မတ(၁)အဖြစ် ဦးညိုစော နှင့် ‌ ဒုတိယ သမ္မတ(၂)အဖြစ် ဒေါ်နန်းနီနီအေး တို့က နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ကြမှာဖြစ်ပြီး ဒုတိယသမ္မတ(၂) ဒေါ်နန်းနီနီအေး က မြန်မာနိုင်ငံတော်၏ ပထမဦးဆုံးသော ဒုတိယသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူ အမျိုးသမီးတစ်ဦးဖြစ်လာခဲ့ပါတယ်။

03 Apr

ADVERTISE HERE .