“မက်သီးယပ်စ်မာတင်နယ်လီ အား စာချုပ်သက်တမ်းတိုးရန် စီစဉ်နေတဲ့ ဖလူးမီနိစ်အသင်း”

03 Apr

ဘရာဇီးကလပ် ဖလူးမီနိစ်အသင်းက အသင်းကွင်းလယ်ကစားသမား မက်သီးယပ်စ်မာတင်နယ်လီ ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက်ရှိပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား မာတင်နယ်လီ က ဖလူးမီနစ်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၂၁၉ ပွဲကစားကာ သွင်းဂိုး ၁၃ ဂိုး သွင်းယူပြီး ခြေစွမ်းပြသထားနိုင်ခဲ့တာကြောင့် စာချုပ်သက်တမ်းတိုးရန် စီစဉ်လာခြင်း ဖြစ်ပါတယ်။ မက်သီယပ်မာတင်နယ်လီ ကို စာချုပ်သက်တမ်းတိုးရန်စီစဉ်လျက်ရှိပြီး စာချုပ်ကို မကြာမီရက်ပိုင်းအတွင်း အပြီးလုပ်ဆောင်သွားမယ်လို့ ဖလူးမီနိစ်အသင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ (NVS 008)

03 Apr

ADVERTISE HERE .