“ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခြင်းက မယုံနိုင်စရာကောင်းတယ်လို့ဆိုတဲ့ နည်းပြ ဂရေဟမ်ပေါ်တာ”

03 Apr

ဆွီဒင်လက်ရွေးစင်အသင်းရဲ့နည်းပြ ဂရေဟမ်ပေါ်တာ က ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခြင်းက မယုံနိုင်စရာကောင်းတဲ့ ခံစားမှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဂရေဟမ်ပေါ်တာ က ဆွီဒင်အသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပြီး ကိုင်တွယ်ခဲ့တဲ့ကာလက ၅ လကျော်သာ ရှိပါသေးတယ်။ ချဲလ်ဆီးအသင်းရဲ့နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ အင်္ဂလန်နိုင်ငံသား ဂရေဟမ်ပေါ်တာ က ၂၀၂၅ စက်တင်ဘာမှာ ဝက်စ်ဟမ်းအသင်းက ထုတ်ပယ်ခံခဲ့ရ ပြီးနောက် ၂၀၂၅ အောက်တိုဘာမှာ ဆွီဒင်အသင်းရဲ့နည်းပြအဖြစ် ကာလတိုစာချုပ်နဲ့ ခန့်အပ်ခံခဲ့ရပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် Play-offs ပွဲစဉ်တွေ မယှဉ်ပြိုင်ခင်မှာ ဆွီဒင်ဘောလုံးအဖွဲ့ချုပ်က ဂရေဟမ်ပေါ်တာ ကို ၂၀၃၀ အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဂရေဟမ်ပေါ်တာကလည်း Play-offs ပိုလန်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဆွီဒင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်၊ ဂျပန်၊ တူနီးရှားတို့ပါဝင်တဲ့အုပ်စုထဲ ရောက်ကျနေပါတယ်။ (NVS 008)

03 Apr

ADVERTISE HERE .