“လက်ရွေးစင်ကစားသမားဘဝမှ အနားယူဖွယ်ရှိတဲ့ လီဝန်ဒေါစကီး”

03 Apr

လီဝန်ဒေါစကီး က လက်ရွေးစင်ကစားသမားဘဝ အနာဂတ်အတွက် စဥ်းစားဖို့ အချိန်ယူဦးမယ်လို့ ပြောကြားခဲ့ပေမဲ့ မကြာခင် အနားယူမည်ဖြစ်ကြောင်း ကြေညာတော့မယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် လီဝန်ဒေါစကီးက ဆွီဒင်အသင်းနဲ့ပွဲအပြီး Instagram မှာ ပို့စ်တင်ရာမှာ Time to Say Goodbye ဆိုတဲ့ သီချင်းကို အသုံးပြုခဲ့ပါတယ်။ ပိုလန်လက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဆွီဒင်နဲ့ ယှဥ်ပြိုင်ခဲ့တဲ့ ခြေစစ်ပွဲအပြီးမှာ မျက်ရည်ကျခဲ့ကြောင်း သိရပါတယ်။ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ လီဝန်ဒေါစကီးက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ယှဥ်ပြိုင်ကစားခွင့်ရဖို့ မျှော်လင့်ခဲ့ပေမယ့် အခုလိုလွဲချော်ခဲ့တာကြောင့် မျက်ရည်ကျခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)

03 Apr

ADVERTISE HERE .